သိစေချင်သည်

မချစ်တတ်ဖူးသူပြောတုန်းက
အချစ်ငတ်နေတဲ့နှလုံးသားလေး
သူမြင်အောင်ဖွင့်မပြမိဘူး ။
အလေးအနက်မရှိဘူးသူပြောတုန်းက
တရိရိလှိုက်စားနေတဲ့ရင်တွင်းဝေဒနာတွေအကြောင်း
သူသိအောင်မကြေငြာမိဘူး ။
မစာနာတတ်ဖူးသူပြောတော့လည်း
ရင်နာစရာမှန်သမျှနှလုံးသားတစ်စုံနဲ့ခါးစည်းခံခဲ့ရတာတွေ
သူယုံအောင်ပြောမပြမိဘူး ။
နောက်ဆုံးချစ်သူရဲ့..မှားယွင်းတဲ့သံသယတွေနဲ့
ဖြေရှင်းခွင့်မရှိတဲ့စွပ်စွဲချက်တွေကြား
လွင့်ထွက်သွားတဲ့ကိုယ့်နှလုံးသားကိုယ်ပြန်ကောက်ရင်း
အလွမ်းတွေသာရင်ထဲပြည့်လာတယ် ။
အယူခံဝင်ဖို့မကြိုးစားမိပါဘူး
ဒီလိုနဲ့တို့နှစ်ယောက်ရဲ့ဇာတ်လမ်း
အဆုံးသတ်မဟုတ်ဘဲရပ်တန့်သွားခဲ့တာ
ဒဏ်ရာဗရပွနဲ့ပေါ့
ခပ်ဖွဖွသက်ပြင်းကိုယ်စီနဲ့
မပြုံးတတ်ကြတော့ တာချင်းအတူတူတောင်
ှသူ့အတ်တနဲ့ကိုယ့်မာန
ဘာသာပြန်လွဲနေလိုက်ပုံများ
ငါံရင်တစ်ခြမ်း…. ခုချိန်အထိအငိုမတိတ်သေးဘူး ။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: