ချစ်သူမဟုတ်တဲ့ သူငယ်ချင်း

ဖြူစင်လှတဲ့ နင့်မျက်ဝန်းအကြည့် တွေထဲမှာ

အေ၇ာင်တွေမတွေ့ နိုင်မှန်းသိရက်နဲ့ ရှာဖွေနေခဲ့ မိတာ

့ရဲ့ ရူးသွပ်မှုလေးလား ။

ရိုးရှင်းလှတဲ့ နင့် အကြင်နာစကားလုံးတွေထဲမှာ

ရင်ခုန်စကားတွေမကြားနိုင်မှန်းသိရက်နဲ့ တောင်းတနေခဲ့ မိတာ

ငါ့ ရဲ့ မျော်လင့် ခြင်းလေးလား ။

ရိုးသားလှတဲ့ နင့် ဂရုတစိုက်အပြုအမူတွေထဲမှာ

ဟန်ဆောင်အနမ်းတွေမရနိုင်မှန်းသိရက်နဲ့ စောင့် စားနေခဲ့ မိတာ

ငါ့ ရဲ့ မိုက်မဲမှုလေးလား ။

ရင်ခွင်သစ်ကိုတမ်းတနေတဲ

့နင့် နှလုံးသားထဲမှာ့နေချင်နေခဲ့ မိတာ

ငါ့ ရဲ့ အတ္တလေးလား ။

အဖြူရောင်တွေခြယ်မှုန်းထားတဲ့ ပန်ချီကားကိုမှ

အရောင်တွေခြယ်ချင်နေခဲ့ မိတာ

ငါ့ ရဲ့ အမှားတွေတဲ့ လား ။

ခုတော့ လည်း

အတိတ်ကမ္ဘာထဲကအရိပ်ပမာ

ချစ်ခဲ့ တာလား ကျန်ခဲ့ တာလား

တကယ်ပြီးဆုံးသွားပြီလားလို့ တွေးမိလိုက်တိုင်း

နှလုံးသားရဲ့ အတွင်းဘက်ဆုံးမှာ

နာကျင်ခံစားနေရတဲ့ အဖြစ်

သူငယ်ချင်းရေ

ငါ့ မှာတော့  နင့် ကိုချစ်လိုက်ရတာ ။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: