လွမ်းရယ်မဖြေဘူးကျောင်းသားဘဝ

ကျောင်းသားဘဝ
လွတ်လပ်ပျော်ရွှင် ဖြူစင်စွာရယ်မော
ဆွေးနွေးငြင်းခုန် စာပြိုင်တွက်ချက်
တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံး
မကြာခင်ငါတို့ တတွေ
BE ဘွဲ့ ကိုယ်စီပိုက်လို့ 
မြင့်မားတဲ့အောင်မြင်မှုလမ်း တစ်လှမ်းချင်းတက်ဖို့ 
အချင်းချင်းလက်ပြ နှုတ်ဆက်ကြရတော့မယ်
အပြင်မှာမမြင်သာပေမဲ့ ခိုင်မာတဲ့ သံယောဇဉ်
၇င်တွင်းမှာကိုယ်စီကိုယ်ငှနဲ့ ပေါ့………..
MYITKYINA GTC မှာတော့
ရသစုံတဲ့ပုံပြင်တွေ
ငါးနှစ်သား  သံယောဇသ်အငွေ့ အသက်တွေ
ငါတို့ ရေးခဲ့တဲ့သမိုင်းတွေ
လွှမ်းခြုံလို့  ကျန်ရစ်နေရော့မယ်………….
Grinအဲ့ဒီမှာ အင်းလျားကန် မရှိပေမယ့်
အလွမ်းဟောင်းတွေနဲ့  နန့် ကွေ့ ချောင်းရှိတယ်..
Grin အဲ့ဒီမှာ စိမ်းလန်းတဲ့ ကံ့ကော်တန်းမရှိပေမယ့်
ညီညာဖြောင့်တန်းတဲ့ မြေနီလမ်းရှိတယ်….
Grinအဲ့ဒီမှာ မြကျွန်းသာ မရှိပေမယ့်
မိုးဖွဲဖွဲအောက်က လွမ်းစရာ တောင်တန်းတွေရှိတယ်….
Grinအဲ့ဒီမှာ ပြီးပြည်စုံတဲ့ဥစာဓနတွေ မရှိပေမယ့်
ကြီးမြက်တဲ့ အတွေးအခ်ါတွေရှိတယ်….
Grinအဲ့ဒီမှာ ကမ္ဘာကျော်တွေမရှိပေမယ့်
အနာဂတ်ကိုထွန်းညှိပေးမယ့် မီးအိမ်ရှင်တွေရှိတယ်…

အမြဲမဟုတ်ပေမယ် တမ်းတမိတဲ့အခါ
မင်းတို့ တတွေ MYITKYINA GTC  ကြီးကို သတိရနေမလား
ငါကတော့ဘယ်ကိုရောက်ရောက်ဘယ်လောက်ဝေးဝေး
MYITKYINA GTC ကြီးကို သတိရနေမယ်….
R-307 ကိုလည်းသတိရနေမယ်…..
သူငယ်ချင်းလေးတွေကိုလည်း
သတိရနေမယ်
လှေကားထစ်ပေါင်း( ၅၆ ) ထစ်ရဲ့ အထက်က
ဖြတ်လျေက်နေကြခြေသံတွေကိုလည်းသတိရနေမယ်…
ကဲင်တင်းဆီက တစ်ခါတစ်ခါ ပျံလွှင့်လာတက်တဲ့
ကျောင်းသားတချို့ ရဲ့ ဂစ်တာသံတွေကိုလည်း
သတိရနေမယ်……..
………………………………
……………………………………..
…………………………………………….
တကယ်ပါ
ကျောင်းသားဘ၀ကို
ငါ………….သတိရနေမယ်…။  Good

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: