Do You Believe in Numerology?

Posted in ကျနော့ ဘ၀ရဲ့ အမှတ်ရစရာများ on February 1, 2011 by hninnnu

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..

မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..

မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..

သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.

ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..

စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..

မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..

မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..

ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..

မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..

မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ…

မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ…

မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..

မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!

မချစ်တတ်ဖူးသူပြောတုန်းက !

Posted in ကဗျာမဟုတ်တဲ့ ကဗျာလေးတွေပါ on February 1, 2011 by hninnnu

မချစ်တတ်ဖူးသူပြောတုန်းက

အချစ်ငတ်နေတဲ့နှလုံးသားလေးသူမြင်အောင်ဖွင့်မပြမိဘူး………………

အလေးအနက်မရှိဘူးသူပြောတုန်းက

တရိရိလှိုက်စားနေတဲ့ရင်တွင်းဝေဒနာတွေအကြောင်းသူသိအောင်မကြေငြာမိဘူး……………….

မစာနာတတ်ဖူးသူပြောတော့လည်း

ရင်နာစရာမှန်သမျှနှလုံးသားတစ်စုံနဲ့ခါးစည်းခံခဲ့ရတာတွေသူယုံအောင်ပြောမပြမိဘူး….

.နောက်ဆုံးချစ်သူရဲ့..

မှားယွင်းတဲ့သံသယတွေနဲ့ဖြေရှင်းခွင့်မရှိတဲ့စွပ်စွဲချက်တွေကြား

လွင့်ထွက်သွားတဲ့ကိုယ့်နှလုံးသားကိုယ်ပြန်ကောက်ရင်း

အလွမ်းတွေသာရင်ထဲပြည့်လာတယ် အယူခံဝင်ဖို့မကြိုးစားမိပါဘူး

ဒီလိုနဲ့….တို့နှစ်ယောက်ရဲ့ဇာတ်လမ်း

အဆုံးသတ်မဟုတ်ဘဲရပ်တန့်သွားခဲ့တာ

ဒဏ်ရာဗရပွနဲ့ပေါ့ခပ်ဖွဖွသက်ပြင်းကိုယ်စီနဲ့

မပြုံးတတ်ကြတော့ တာချင်းအတူတူတောင်သူ့အတ္တနဲ့ကိုယ့်မာန

ဘာသာပြန်လွဲနေလိုက်ပုံများ

ငါရင်တစ်ခြမ်း…. ခုချိန်အထိအငိုမတိတ်သေးဘူး ။ ။

သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်

Posted in သူငယ်ချင်းဆိုတာ~~~~~~*** on February 1, 2011 by hninnnu

သူငယ်ချင်းနဲ့ပတ်သက်ရင်

တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

“လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!”

ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။

“ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကိုသုတ်ပေးသူဖြစ်တယ်”

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကိုဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ဖျားနာချိန် ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့…သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က “ငါတို့ကသူငယ်ချင်း” ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်

မြစ်ကြီးနားကကြိုမယ်

Posted in ဆိုနေမိတဲ့ သီချင်းလေးတွေ on February 1, 2011 by hninnnu

ဆန်တက်ရတယ် ဒီခရီးရှည် ..မျှော်လင့်ချက်က ဒီကျောင်းတော်ခရီးကြမ်းများကို ဖြတ်ပြီး ရောက်လာသူ အဆောင်သူမလေးရေ ..အိမ်ကိုပဲ လွမ်းလို့လား ..မြစ်ကြီးနားက မပျော်လို့လား ..ပျော်နိုင်ပါစေ မြစ်ကြီးနားက ကြိုမယ် ..

ရူခင်းများစွာ သာတဲ့မြေ ..နင်ရောက်ဘူးရင် ပျော်နိုင်မယ် ..အလွမ်းသီးချင်းများနဲ့ ချန်ပြီး လွမ်းနေသူ..တောင်ပေါ်သားလေးရယ်အဆောင်သူလေး လွမ်းပြီးလား .. မြစ်ကြီးနားက ကြိုခဲ့တာ..ပျော်နိုင်ပါစေ မြစ်ကြီးနားက ကြိုမယ် ..

အလွမ်းသီချင်းများနဲ့ ထားခဲ့ ခွဲ့ရခါနီးမှာ ..ရင်တွေဟာလေ တဒိန်းဒိန်းခုန်စေဒါဟာ အချစ်စိတ်ပဲလား..ပျော်နိုင်ပါစေ မြစ်ကြီးနားက ကြိုမယ် ..

ချစ်သူနောက်ကွယ်

Posted in ကဗျာမဟုတ်တဲ့ ကဗျာလေးတွေပါ on February 1, 2011 by hninnnu

ချစ်သူ

မင်းရဲ့ ရက်စက်တဲ့ စကားလုံးတွေနဲ့ 

စိမ်းကားနဲ့ မျက်ဝန်းအကြည့် 

ငါ့နှလုံးသားကိုထိခဲ့ တယ်……

အသစ်ပြန်မဖြစ်နိုင်တော့ တဲ့ 

အပစ်ပယ်ခံ(အရှုပ်ထုပ်)ဘ၀မှာ

အလွယ်တကူ

မေ့ နိုင်စွမ်းမရှိတော့ လည်း

သံယောဇဉ်အမျှင်တန်း

မပြတ်သားနိုင်ဘူးလေ

အဲ့ ဒါတွေကြောင့် 

တွယ်တာမြတ်နိုး

တိတ်တခိုးနဲ့ ဟိုသည်ငေးမော

ကြည့် ခွင့်လေးတော့ 

ရှိပါရစေ……

မချစ်သင့် တော့ တဲ့ ချစ်သူရယ်

ရင်တွင်းရှိုက်သံ

Posted in ကဗျာမဟုတ်တဲ့ ကဗျာလေးတွေပါ on January 18, 2010 by hninnnu

ရင်းကွဲရတာချင်း အတူတူ
ချစ်သူရဲ့  ချစ်ခြင်း
မင်းကမှ အပ်နှင်းခံရသေးတယ်…
ခွဲခွာရတာချင်း အတူတူ
ချစ်သူရဲ့  မေတ္တာ
မင်းဆီမှာ ကျန်ရစ်ခဲ့ သေးတယ်…
ပေးဆပ်ရတာချင်း အတူတူ
နွေးထွေးတဲ့  ရင်ခွင်ရိပ်
မင်းမှေးစက်ခွင့် ရသေးတယ်…
နားလည်ရတာချင်း အတူတူ
ချစ်သူရဲ့  အမှန်တရား
မင်းကြားခွင့် ရသေးတယ်…
လွမ်းရတာချင်း အတူတူ
ချစ်သူကိုတမ်းတခွင့် 
မင်းကမှ ရခဲ့ သေးတယ်…
ရာဇ၀င်ထဲက ခင်ဦးရေ…
ဆုံးရွှုးရတာချင်း အတူတူ
ချစ်သူရဲ့  အပြုံးတပွင့် 
(မင်းကမှ)
သိမ်းဆည်းခွင့်  ရခဲ့ ပါသေးတယ်ကွယ်…..

chit thu

Posted in ကဗျာမဟုတ်တဲ့ ကဗျာလေးတွေပါ on January 18, 2010 by hninnnu

အချစ်ဆိုတာ
နင်နဲ့ တွေ့ မှ ပေါက်ဖွားလာတဲ့ 
ငါ့ရဲ့ ရင်တွင်းစကားသံလေးရယ်ပါ…
အိပ်ပျော်နေတဲ့  ငါ့နှလုံးသားပေါ်
နင့်ရဲ့ စကားလုံးလေးတွေနဲ့ တီးခတ်လိုက်တော့ 
ငါ့ရင်တွေခုန်ခဲ့ ၇တာပေါ့
ရင်ခုန်သံတွေထပ်တူကျပြီးကာမ


အမုန်းတွေပေးပြီး
ရက်စက်စွာထားမသွားပါနဲ့ နော်
ခံယူဖို့ ရာနှလုံးသားအဘိဓာန်မှာ
စကာလုံးအသစ်ရှာမတွေ့ သေးလို့ ပါ